မူးယစ္ရမ္းကားေနသည့္ သရုပ္ေဆာင္ လင္းလက္ဟိန္း

မူးယစ္ရမ္းကားေနသည့္ သ႐ုပ္ေဆာင္ လင္းလက္ဟိန္းကို ေသနတ္ျဖင့္ပစ္ဖမ္း
19-Sep-2019

ရန္ကုန္၊ စက္တင္ဘာ ၁၉

သဃၤန္းကြၽန္းၿမိဳ႕နယ္၊ ဆယ္သိန္းရပ္ကြက္၊ ရတနာပုံလမ္းတြင္ စက္တင္ဘာ ၁၉ ရက္ နံနက္ ၅နာရီခြဲက သံတုတ္ႏွင့္ ကပ္ေၾကးကိုင္ေဆာင္ၿပီး မူးယစ္ရမ္းကားေနသူ ႐ုပ္ရွင္ႏွင့္ ဗီဒီယို သ႐ုပ္ေဆာင္ လင္းလက္ဟိန္းကို ၁၂ ဗို႔ ပန႔္အက္ရွင္ ေသနတ္ျဖင့္ပစ္ခတ္ဖမ္းဆီးခဲ့ေၾကာင္း ရဲတပ္ဖြဲ႕ထံမွ သိရသည္။

သ႐ုပ္ေဆာင္ လင္းလက္ဟိန္းမွာ လူ႕အသက္အႏၲရာယ္ ျဖစ္ေစနိုင္သည့္ လက္နက္မ်ား ကိုင္ေဆာင္ၿပီး အမ်ားျပည္သူ သြားလာေနသည့္ လမ္းေပၚတြင္ မူးယစ္ရမ္းကားေနေၾကာင္း ဝမ္းနိုင္းနိုင္းထံ ဖုန္းဆက္ သတင္းေပးတိုင္ၾကားလာသျဖင့္ ရဲတပ္ဖြဲ႕က အခင္းျဖစ္ေနရာသို႔ သြားေရာက္ၿပီး လင္းလက္ဟိန္းကို လက္နက္ခ်၍ အသာတၾကည္ အဖမ္းခံရန္ ေျပာဆိုခဲ့သည္။

ရဲတပ္ဖြဲ႕၏ အႀကိမ္ႀကိမ္ေျပာဆိုခဲ့မႈအေပၚ လင္းလက္ဟိန္းက လက္မခံဘဲ လက္ထဲတြင္ အသင့္ကိုင္ေဆာင္ထားသည့္ သံတုတ္ျဖင့္ ရပ္ကြက္အုပ္ခ်ဳပ္ေရးမႉးကို ရိုက္ႏွက္ခဲ့ၿပီး ရဲတပ္ဖြဲ႕ဝင္တစ္ဦးကို ကတ္ေၾကးျဖင့္ ေျပးထိုးစဥ္ ၁၂ ဗို႔ ပန႔္အက္ရွင္ေသနတ္ျဖင့္ ပစ္ခတ္ၿပီး ၎ကို ဖမ္းဆီးခဲ့သည္။

ပန႔္အက္ရွင္ ေသနတ္ျဖင့္ ပစ္ခံရသူ သ႐ုပ္ေဆာင္ လင္းလက္ဟိန္း (ခ) သန္းထိုက္ဦး(၃၆) ႏွစ္မွာ ညာေပါင္တြင္ ေပါက္ၿပဲဒဏ္ရာမ်ား ရရွိခဲ့ၿပီး သဃၤန္းကြၽန္းၿမိဳ႕မရဲစခန္းမွ ၎ကို အမႈဖြင့္အေရးယူရန္ စီစဥ္ေဆာင္႐ြက္လ်က္ရွိေၾကာင္း ရဲတပ္ဖြဲ႕ထံမွ သိရသည္။
မူးယစ်ရမ်းကားနေသည့် သရုပ်ဆောင် လင်းလက်ဟိန်း
မူးယစ်ရမ်းကားနေသည့် သရုပ်ဆောင် လင်းလက်ဟိန်းကို သေနတ်ဖြင့်ပစ်ဖမ်း
19-Sep-2019

ရန်ကုန်၊ စက်တင်ဘာ ၁၉

သင်္ဃန်းကျွန်းမြို့နယ်၊ ဆယ်သိန်းရပ်ကွက်၊ ရတနာပုံလမ်းတွင် စက်တင်ဘာ ၁၉ ရက် နံနက် ၅နာရီခွဲက သံတုတ်နှင့် ကပ်ကြေးကိုင်ဆောင်ပြီး မူးယစ်ရမ်းကားနေသူ ရုပ်ရှင်နှင့် ဗီဒီယို သရုပ်ဆောင် လင်းလက်ဟိန်းကို ၁၂ ဗို့ ပန့်အက်ရှင် သေနတ်ဖြင့်ပစ်ခတ်ဖမ်းဆီးခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

သရုပ်ဆောင် လင်းလက်ဟိန်းမှာ လူ့အသက်အန္တရာယ် ဖြစ်စေနိုင်သည့် လက်နက်များ ကိုင်ဆောင်ပြီး အများပြည်သူ သွားလာနေသည့် လမ်းပေါ်တွင် မူးယစ်ရမ်းကားနေကြောင်း ဝမ်းနိုင်းနိုင်းထံ ဖုန်းဆက် သတင်းပေးတိုင်ကြားလာသဖြင့် ရဲတပ်ဖွဲ့က အခင်းဖြစ်နေရာသို့ သွားရောက်ပြီး လင်းလက်ဟိန်းကို လက်နက်ချ၍ အသာတကြည် အဖမ်းခံရန် ပြောဆိုခဲ့သည်။

ရဲတပ်ဖွဲ့၏ အကြိမ်ကြိမ်ပြောဆိုခဲ့မှုအပေါ် လင်းလက်ဟိန်းက လက်မခံဘဲ လက်ထဲတွင် အသင့်ကိုင်ဆောင်ထားသည့် သံတုတ်ဖြင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးကို ရိုက်နှက်ခဲ့ပြီး ရဲတပ်ဖွဲ့ဝင်တစ်ဦးကို ကတ်ကြေးဖြင့် ပြေးထိုးစဉ် ၁၂ ဗို့ ပန့်အက်ရှင်သေနတ်ဖြင့် ပစ်ခတ်ပြီး ၎င်းကို ဖမ်းဆီးခဲ့သည်။

ပန့်အက်ရှင် သေနတ်ဖြင့် ပစ်ခံရသူ သရုပ်ဆောင် လင်းလက်ဟိန်း (ခ) သန်းထိုက်ဦး(၃၆) နှစ်မှာ ညာပေါင်တွင် ပေါက်ပြဲဒဏ်ရာများ ရရှိခဲ့ပြီး သင်္ဃန်းကျွန်းမြို့မရဲစခန်းမှ ၎င်းကို အမှုဖွင့်အရေးယူရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

Comments

Popular posts from this blog

တပ်မတော်သားတွေနဲ့ ဓါတ်ပုံ အတူတူ တွဲရိုက်ခဲ့တဲ့အောင်ရဲလင်း

လွှတ်​တော်ကိုယ်စားလှယ်​တွေကို ဘယ်လို​ရေးချယ်သလဲ။