လွှတ်​တော်ကိုယ်စားလှယ်​တွေကို ဘယ်လို​ရေးချယ်သလဲ။

လွှတ်တော်ကိုယ်စားလှယ်တွေကို ဘယ်လိုရွေးချယ်သလဲ

မြန်မာနိူင်ငံမှာ လွှတ်တော်အမျိုးအစား ၄ မျိုးရှိပါတယ်။ ပြည်ထောင်စုလွှတ်တော်၊ အမျိုးသားလွှတ်တော်၊ပြည်သူ့လွှတ်တော်၊တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် တို့ဖြစ်ပါတယ်။(၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ အခန်း၄ ဥပဒေပြုရေး ရှိ ပုဒ်မ ၇၄၊၁၀၉၊၁၄၁၊၁၆၁ တို့အရ)


ပြည်ထောင်စု လွှတ်တော်ဆိုတာ ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော် လွှတ်တော် ၂ ရပ်ပေါင်းထားတာကို ပြည်ထောင်စု လွှတ်တော်လို့ ခေါ်တိုတာ ဖြစ်ပါတယ်။
ပြည်ထောင်စုလွှတ်တော် အကြောင်းကတော့ သီးသန့်ရယ်လို့ ပြောစရာမရှိပါဘူး ဘာလို့လဲဆိုတော့ ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော် တို့ပြောလိုက်ရင် အလိုလို သိမှာမလို့ပါ။

ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ ရွေးချယ်ပုံ

မြန်မာနိူင်ငံမှာ မြို့နယ်ပေါင်း ၃၃၀ ရှိပါတယ်။ထို ၃၃၀ မြို့နယ်ထဲက တစ်မြို့နယ်ကို တစ်ဦးကျဆီရွေးချယ်ပြီး ရွေးကောက်ခံကိုယ်စားလှယ် ၃၃၀ ဆိုပြီးဖြစ်လာပါတယ်။ ဒီ ၃၃၀ ကို ၇၅ % လို့မှတ်ယူပြီး တပ်မတော်မှ ၂၅%ဖြစ်တဲ့ ၁၁၀ နဲ့ပေါင်းလိုက်ပါတယ်။၃၃၀+၁၁၀=၄၄၀ ရယ်လို့ဖြစ်လာပါတယ်။
ပြည်သူ့လွှတ်တော် ၄၄၀ မှတ်ခဲ့နော်။

အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များ ရွေးချယ်ပုံ

မြန်မာပြည်မှာ တိုင်းနဲ့ပြည်နယ် ၁၄ ခုရှိပါတယ်။ တစ်ပြည်နယ်၊တစ်တိုင်းကို ၁၂ ယောက်နှုန်းနဲ့ရွေးချယ်ပါတယ်။ ဒီနေရာမှာ ထူးခြားတာက ရှမ်းပြည်နယ်နဲ့ စစ်ကိုင်းတိုင်း ဒေသကြီးပါ။ ဘာလိုလဲဆို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေတွေရှိလို့ပါ။ ရွေးချယ်တဲ့နေရာမှာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ စီရင်စု များမှတစ်ဒေသကို တစ်ဦး အပါအဝင် ၁၂ ဦး ဥပဒေမှာ ပြဌာန်းထားလို့ပါ။သဘောကတော့ စစ်ကိုင်းတိုင်း အတွက်ဆိုလျင် နာဂဒေသအတွက် တစ်ဦးပါဝင်ရပါမယ်။ ကျန်၁၁ ဦးတွက်ပဲ ကျန်တဲ့ဒေသ က ရွေးချယ်ရတော့မှာပါ။ ဒီလိုဆိုလျင် အမျိုးသားလွှတ်တော် ရွေးကောက်ခံကိုယ်စားလှယ် အတွက်က တိုင်းနဲ့ပြည်နယ် ၁၄ ခုမှ ၁၆၈ ယောက်ရလာပါမယ်။ဒါကို ၇၅% လို့မှတ်ယူပြီး ကျန်၂၅% ဖြစ်တဲ့ ၅၆ ယောက်ကိုတော့ တပ်မတော် မှဖြစ်ပါတယ်။ အမျိုးသားလွှတ်တော် ၁၆၈+၅၆=၂၂၄ ဦး မှတ်ခဲ့နော် ။

ပြည်ထောင်စု လွှတ်တော် ပြန်ပြောပါ့မယ်
ပြည်သူ+အမျိုးသား=ပြည်ထောင်စု
၄၄၀+၂၂၄=၆၆၄ ဦးပါ။
ပြည်ထောင်စု လွှတ်တော်ရဲ့အကြီးအကဲကို နာယက၊ဒုတိယ နာယက လို့ခေါ်ဆိုရပါတယ် ။
ကျန်လွှတ်တော် တွေကိုတော့ ဥက္ကဌ လို့ခေါ်ဆိုရပါတယ် ။ သက်တမ်းကတော့ အထွေထွေရွေးကောက်ပွဲပြီး ၅ နှစ်သက်တမ်းပါ။ ပထမ လ ၃၀ ကို အမျိုးသားလွှတ်တော် ဥက္ကဌ နဲ့ ဒု ဥက္ကဌ က နာယက နဲ့ ဒုတိယ နာယက တာဝန်တွေယူရပြီး ကျန်လ ၃၀ ကို တော့ ပြည်သူ့လွှတ်တော် ဥက္ကဌ နဲ့ ဒု ဥက္ကဌ ကတာဝန်ယူရပါတယ်။

တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် လွှတ်တော် ကိုယ်စားလှယ်များ ရွေးချယ်ပုံ

(က)သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် များအတွင်းရှိ မြို့နယ်များမှ တစ်မြို့နယ်ကို ၂ ဦးနှုန်းရွေးချယ်ပါတယ်။
(ခ) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသမှအပ ထိုပြည်နယ် သို့ တိုင်း အတွင်းရှိ မြန်မာ တစ်နိူင်ငံလုံးမှ လူဦးရေ၏ ဝ.၁% အထကက်ရှိတယ်လို့ သက်ဆိုင်ရာက သက်မှတ်ထားတဲ့ လူမျိုးတစ်မျိုးဆီမှ တစ်ဦးနှုန်း ရွေးချယ်ပါတယ်။
(က)နဲ့ (ခ) ပေါင်းတာကို ၇၅ % မှတ်ယူပြီး တပ်မတော်မှ ကျန် ၂၅% ကိုတင်သွင်းပါတယ်။


လႊတ္ေတာ္ကိုယ္စားလွယ္ေတြကို ဘယ္လိုေ႐ြးခ်ယ္သလဲ

ျမန္မာနိူင္ငံမွာ လႊတ္ေတာ္အမ်ိဳးအစား ၄ မ်ိဳးရွိပါတယ္။ ျပည္ေထာင္စုလႊတ္ေတာ္၊ အမ်ိဳးသားလႊတ္ေတာ္၊ျပည္သူ႕လႊတ္ေတာ္၊တိုင္းေဒသႀကီး သို႔မဟုတ္ ျပည္နယ္လႊတ္ေတာ္ တို႔ျဖစ္ပါတယ္။(၂၀၀၈ ဖြဲ႕စည္းပုံ အေျခခံဥပေဒ အခန္း၄ ဥပေဒျပဳေရး ရွိ ပုဒ္မ ၇၄၊၁၀၉၊၁၄၁၊၁၆၁ တို႔အရ)

ျပည္ေထာင္စု လႊတ္ေတာ္ဆိုတာ ျပည္သူ႕လႊတ္ေတာ္နဲ႕ အမ်ိဳးသားလႊတ္ေတာ္ လႊတ္ေတာ္ ၂ ရပ္ေပါင္းထားတာကို ျပည္ေထာင္စု လႊတ္ေတာ္လို႔ ေခၚတိုတာ ျဖစ္ပါတယ္။
ျပည္ေထာင္စုလႊတ္ေတာ္ အေၾကာင္းကေတာ့ သီးသန႔္ရယ္လို႔ ေျပာစရာမရွိပါဘူး ဘာလို႔လဲဆိုေတာ့ ျပည္သူ႕လႊတ္ေတာ္နဲ႕ အမ်ိဳးသားလႊတ္ေတာ္ တို႔ေျပာလိုက္ရင္ အလိုလို သိမွာမလို႔ပါ။

ျပည္သူ႕လႊတ္ေတာ္ ကိုယ္စားလွယ္မ်ား ေ႐ြးခ်ယ္ပုံ

ျမန္မာနိူင္ငံမွာ ၿမိဳ႕နယ္ေပါင္း ၃၃၀ ရွိပါတယ္။ထို ၃၃၀ ၿမိဳ႕နယ္ထဲက တစ္ၿမိဳ႕နယ္ကို တစ္ဦးက်ဆီေ႐ြးခ်ယ္ၿပီး ေ႐ြးေကာက္ခံကိုယ္စားလွယ္ ၃၃၀ ဆိုၿပီးျဖစ္လာပါတယ္။ ဒီ ၃၃၀ ကို ၇၅ % လို႔မွတ္ယူၿပီး တပ္မေတာ္မွ ၂၅%ျဖစ္တဲ့ ၁၁၀ နဲ႕ေပါင္းလိုက္ပါတယ္။၃၃၀+၁၁၀=၄၄၀ ရယ္လို႔ျဖစ္လာပါတယ္။
ျပည္သူ႕လႊတ္ေတာ္ ၄၄၀ မွတ္ခဲ့ေနာ္။

အမ်ိဳးသားလႊတ္ေတာ္ ကိုယ္စားလွယ္မ်ား ေ႐ြးခ်ယ္ပုံ

ျမန္မာျပည္မွာ တိုင္းနဲ႕ျပည္နယ္ ၁၄ ခုရွိပါတယ္။ တစ္ျပည္နယ္၊တစ္တိုင္းကို ၁၂ ေယာက္ႏႈန္းနဲ႕ေ႐ြးခ်ယ္ပါတယ္။ ဒီေနရာမွာ ထူးျခားတာက ရွမ္းျပည္နယ္နဲ႕ စစ္ကိုင္းတိုင္း ေဒသႀကီးပါ။ ဘာလိုလဲဆို ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒေတြရွိလို႔ပါ။ ေ႐ြးခ်ယ္တဲ့ေနရာမွာ ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရ စီရင္စု မ်ားမွတစ္ေဒသကို တစ္ဦး အပါအဝင္ ၁၂ ဦး ဥပေဒမွာ ျပဌာန္းထားလို႔ပါ။သေဘာကေတာ့ စစ္ကိုင္းတိုင္း အတြက္ဆိုလ်င္ နာဂေဒသအတြက္ တစ္ဦးပါဝင္ရပါမယ္။ က်န္၁၁ ဦးတြက္ပဲ က်န္တဲ့ေဒသ က ေ႐ြးခ်ယ္ရေတာ့မွာပါ။ ဒီလိုဆိုလ်င္ အမ်ိဳးသားလႊတ္ေတာ္ ေ႐ြးေကာက္ခံကိုယ္စားလွယ္ အတြက္က တိုင္းနဲ႕ျပည္နယ္ ၁၄ ခုမွ ၁၆၈ ေယာက္ရလာပါမယ္။ဒါကို ၇၅% လို႔မွတ္ယူၿပီး က်န္၂၅% ျဖစ္တဲ့ ၅၆ ေယာက္ကိုေတာ့ တပ္မေတာ္ မွျဖစ္ပါတယ္။ အမ်ိဳးသားလႊတ္ေတာ္ ၁၆၈+၅၆=၂၂၄ ဦး မွတ္ခဲ့ေနာ္ ။


ျပည္ေထာင္စု လႊတ္ေတာ္ ျပန္ေျပာပါ့မယ္
ျပည္သူ+အမ်ိဳးသား=ျပည္ေထာင္စု
၄၄၀+၂၂၄=၆၆၄ ဦးပါ။
ျပည္ေထာင္စု လႊတ္ေတာ္ရဲ႕အႀကီးအကဲကို နာယက၊ဒုတိယ နာယက လို႔ေခၚဆိုရပါတယ္ ။
က်န္လႊတ္ေတာ္ ေတြကိုေတာ့ ဥကၠဌ လို႔ေခၚဆိုရပါတယ္ ။ သက္တမ္းကေတာ့ အေထြေထြေ႐ြးေကာက္ပြဲၿပီး ၅ ႏွစ္သက္တမ္းပါ။ ပထမ လ ၃၀ ကို အမ်ိဳးသားလႊတ္ေတာ္ ဥကၠဌ နဲ႕ ဒု ဥကၠဌ က နာယက နဲ႕ ဒုတိယ နာယက တာဝန္ေတြယူရၿပီး က်န္လ ၃၀ ကို ေတာ့ ျပည္သူ႕လႊတ္ေတာ္ ဥကၠဌ နဲ႕ ဒု ဥကၠဌ ကတာဝန္ယူရပါတယ္။


တိုင္းေဒသႀကီး သို႔မဟုတ္ ျပည္နယ္ လႊတ္ေတာ္ ကိုယ္စားလွယ္မ်ားေ႐ြးခ်ယ္ပုံ

(က)သက္ဆိုင္ရာ တိုင္းေဒသႀကီး သို႔မဟုတ္ ျပည္နယ္ မ်ားအတြင္းရွိ ၿမိဳ႕နယ္မ်ားမွ တစ္ၿမိဳ႕နယ္ကို ၂ ဦးႏႈန္းေ႐ြးခ်ယ္ပါတယ္။
(ခ) ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရ ေဒသမွအပ ထိုျပည္နယ္ သို႔ တိုင္း အတြင္းရွိ ျမန္မာ တစ္နိူင္ငံလုံးမွ လူဦးေရ၏ ဝ.၁% အထကက္ရွိတယ္လို႔ သက္ဆိုင္ရာက သက္မွတ္ထားတဲ့ လူမ်ိဳးတစ္မ်ိဳးဆီမွ တစ္ဦးႏႈန္း ေ႐ြးခ်ယ္ပါတယ္။
(က)နဲ႕ (ခ) ေပါင္းတာကို ၇၅ % မွတ္ယူၿပီး တပ္မေတာ္မွ က်န္ ၂၅% ကိုတင္သြင္းပါတယ္။

Comments

Popular posts from this blog

မူးယစ္ရမ္းကားေနသည့္ သရုပ္ေဆာင္ လင္းလက္ဟိန္း

တပ်မတော်သားတွေနဲ့ ဓါတ်ပုံ အတူတူ တွဲရိုက်ခဲ့တဲ့အောင်ရဲလင်း