ဆရာမ ၁၁ ဦး လမ္းၾကဳံလိုက္ပါလာေသာ ေမာ္ေတာ္ယာဥ္တစ္စီး တိမ္းေမွာက္မွုျဖစ္ပြား

ဆရာမ ၁၁ ဦး လမ်းကြုံလိုက်ပါလာသော မော်တော်ယာဉ်တစ်စီး တိမ်းမှောက်မှုဖြစ်ပွား

Thursday, September 19, 2019

ယနေ့ စက်တင်ဘာလ ၁၉ ရက်နေ့ နံနက် ၉ နာရီ မိနစ် ၂၀ ခန့်တွင် ဒေးဒရဲ - ဖျာပုံကားလမ်း တညင်ကုန်းတံတားအနီးတွင် လမ်းကြုံလိုက်ပါလာသော ဆရာမ ၁၁ ဦးပါဝင်သည့် မော်တော်ယာဉ်တစ်စီး တိမ်းမှောက်မှုဖြစ်ပွားကြောင်း သိရသည်။

ကားပေါ်တွင် လိုက်ပါလာသော ဆရာမ ၁၁ ဦးမှာ အသက်အန္တရာယ် မစိုးရဘဲ ထိခိုက်ဒဏ်ရာရသူများအား ဒေးဒရဲပြည်သူ့ဆေးရုံသို့ လိုက်ပါပို့ဆောင်ထားကြောင်း သိရသည်။


အဆိုပါ ယာဉ်တိမ်းမှောက်မှုတွင် ပါဝင်သည့် ဆရာမ ၁၁ ဦးအနက် တစ်ဦးမှာ ကိုယ်ဝန်ဆောင်ဆရာမတစ်ဦးပါဝင်ကြောင်း သိရသည်။

လက်ရှိချိန်တွင် ဒဏ်ရာပြင်းထန်သူများအား ဖျာပုံဆေးရုံကြီးသို့ ဆက်လက်ပို့ဆောင်ပေးနေကြောင်း သိရသည်။

ဆရာမ ၁၁ ဦး လမ်းကြုံလိုက်ပါလာသော မော်တော်ယာဉ်တစ်စီး တိမ်းမှောက်မှုဖြစ်ပွား

ဆရာမ ၁၁ ဦး လမ္းႀကဳံလိုက္ပါလာေသာ ေမာ္ေတာ္ယာဥ္တစ္စီး တိမ္းေမွာက္မႈျဖစ္ပြား

Thursday, September 19, 2019

ယေန႕ စက္တင္ဘာလ ၁၉ ရက္ေန႕ နံနက္ ၉ နာရီ မိနစ္ ၂၀ ခန႔္တြင္ ေဒးဒရဲ - ဖ်ာပုံကားလမ္း တညင္ကုန္းတံတားအနီးတြင္ လမ္းႀကဳံလိုက္ပါလာေသာ ဆရာမ ၁၁ ဦးပါဝင္သည့္ ေမာ္ေတာ္ယာဥ္တစ္စီး တိမ္းေမွာက္မႈျဖစ္ပြားေၾကာင္း သိရသည္။

ကားေပၚတြင္ လိုက္ပါလာေသာ ဆရာမ ၁၁ ဦးမွာ အသက္အႏၲရာယ္ မစိုးရဘဲ ထိခိုက္ဒဏ္ရာရသူမ်ားအား ေဒးဒရဲျပည္သူ႕ေဆး႐ုံသို႔ လိုက္ပါပို႔ေဆာင္ထားေၾကာင္း သိရသည္။

အဆိုပါ ယာဥ္တိမ္းေမွာက္မႈတြင္ ပါဝင္သည့္ ဆရာမ ၁၁ ဦးအနက္ တစ္ဦးမွာ ကိုယ္ဝန္ေဆာင္ဆရာမတစ္ဦးပါဝင္ေၾကာင္း သိရသည္။

လက္ရွိခ်ိန္တြင္ ဒဏ္ရာျပင္းထန္သူမ်ားအား ဖ်ာပုံေဆး႐ုံႀကီးသို႔ ဆက္လက္ပို႔ေဆာင္ေပးေနေၾကာင္း သိရသည္။

Comments

Popular posts from this blog

မူးယစ္ရမ္းကားေနသည့္ သရုပ္ေဆာင္ လင္းလက္ဟိန္း

တပ်မတော်သားတွေနဲ့ ဓါတ်ပုံ အတူတူ တွဲရိုက်ခဲ့တဲ့အောင်ရဲလင်း

လွှတ်​တော်ကိုယ်စားလှယ်​တွေကို ဘယ်လို​ရေးချယ်သလဲ။