Posts

Showing posts from 2020

၂၀၂၀ ခုနှစ် - ၁၀ တန်းစာ​မေးပွဲ​အောင်စာရင်းများ သြဂုတ်လမှထွက်နိူင်မည်။

Image
တက္ကသိုလ်ဝင်တန်း အောင်စာရင်း ဩဂုတ်လမှထွက်ရှိနိုင်မည်ဟုဆို ----------------------- လက်ရှိမှာ ကိုဗစ်ရောဂါဖြစ်ပွားနေမှုအခြေအနေတွေကြောင့် တက္ကသိုလ်ဝင်တန်းအဖြေလွှာတွေကို ဇွန်(၅)ရက်မှ စတင်စစ်ဆေးရမှာဖြစ်ပါတယ်။ အဲဒီအတွက် တက္ကသိုလ်ဝင်တန်းအောင်စာရင်းတွေက ဩဂုတ်လလောက်မှ ထွက် ရှိနိုင်မယ်လို့ အခြေခံပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာ တင်မောင်ဝင်းက ပြောပါတယ်။ “ဇွန် ပထမအပတ်မှ စပြီးစစ်မှာဆိုတော့ နောက်ထပ် ရက်ပေါင်း (၆၀) ဆိုရင် ဩဂုတ်လထဲလောက်မှ ထွက်မှာ ပေါ့” လို့ ဒေါက်တာ မောင်ဝင်းက ပြောပါတယ်။ ဩဂုတ်လအလယ်မှာ အောင်စာရင်းထုတ်မယ်ဆိုရင်လည်း တက္ကသိုလ်ဝင်ခွင့်ရွေးချယ်ရေးအတွက် အနှောင့် အယှက်မဖြစ်နိုင်ဘူးလို့ ဆိုပါတယ်။ အရင်နှစ်တွေက တက္ကသိုလ်ဝင်ခွင့်လျှောက်လွှာတွေကို စက်တင်ဘာလမှာ တင်ခွင့်ပေးပြီး လကုန်မှာလျှောက်လွှာပိတ်တာပါ။ နိုဝင်ဘာလလယ်မှာ ဝင်ခွင့်စာရင်းတွေထွက်ပြီး ဒီဇင်ဘာ လဆန်းမှာ ကျောင်းဖွင့်တာကြောင့် တက္ကသိုလ်ဝင်ခွင့်အတွက် အခက်အခဲမရှိနိုင်ဘူးလို့လည်းဆိုပါတယ်။ တက္ကသိုလ်ဝင်တန်းအဖြေလွှာတွေကို နှစ်စဉ် ဧပြီလထဲမှာ စတင်စစ်ဆေးပြီး ဇွန်လပထမအပတ်မှာ အောင်စာရင်း ထုတ်ပြန်ပေးတာဖြစ်ပါတယ်။ Crd -One News တကၠသိုလ္ဝင္တန