၂၀၂၀ ခုနှစ် - ၁၀ တန်းစာ​မေးပွဲ​အောင်စာရင်းများ သြဂုတ်လမှထွက်နိူင်မည်။

တက္ကသိုလ်ဝင်တန်း အောင်စာရင်း ဩဂုတ်လမှထွက်ရှိနိုင်မည်ဟုဆို
-----------------------



လက်ရှိမှာ ကိုဗစ်ရောဂါဖြစ်ပွားနေမှုအခြေအနေတွေကြောင့် တက္ကသိုလ်ဝင်တန်းအဖြေလွှာတွေကို ဇွန်(၅)ရက်မှ စတင်စစ်ဆေးရမှာဖြစ်ပါတယ်။ အဲဒီအတွက် တက္ကသိုလ်ဝင်တန်းအောင်စာရင်းတွေက ဩဂုတ်လလောက်မှ ထွက် ရှိနိုင်မယ်လို့ အခြေခံပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာ တင်မောင်ဝင်းက ပြောပါတယ်။


“ဇွန် ပထမအပတ်မှ စပြီးစစ်မှာဆိုတော့ နောက်ထပ် ရက်ပေါင်း (၆၀) ဆိုရင် ဩဂုတ်လထဲလောက်မှ ထွက်မှာ ပေါ့” လို့ ဒေါက်တာ မောင်ဝင်းက ပြောပါတယ်။
ဩဂုတ်လအလယ်မှာ အောင်စာရင်းထုတ်မယ်ဆိုရင်လည်း တက္ကသိုလ်ဝင်ခွင့်ရွေးချယ်ရေးအတွက် အနှောင့် အယှက်မဖြစ်နိုင်ဘူးလို့ ဆိုပါတယ်။


အရင်နှစ်တွေက တက္ကသိုလ်ဝင်ခွင့်လျှောက်လွှာတွေကို စက်တင်ဘာလမှာ တင်ခွင့်ပေးပြီး လကုန်မှာလျှောက်လွှာပိတ်တာပါ။ နိုဝင်ဘာလလယ်မှာ ဝင်ခွင့်စာရင်းတွေထွက်ပြီး ဒီဇင်ဘာ လဆန်းမှာ ကျောင်းဖွင့်တာကြောင့် တက္ကသိုလ်ဝင်ခွင့်အတွက် အခက်အခဲမရှိနိုင်ဘူးလို့လည်းဆိုပါတယ်။
တက္ကသိုလ်ဝင်တန်းအဖြေလွှာတွေကို နှစ်စဉ် ဧပြီလထဲမှာ စတင်စစ်ဆေးပြီး ဇွန်လပထမအပတ်မှာ အောင်စာရင်း ထုတ်ပြန်ပေးတာဖြစ်ပါတယ်။

Crd -One News




တကၠသိုလ္ဝင္တန္း ေအာင္စာရင္း ဩဂုတ္လမွထြက္႐ွိႏိုင္မည္ဟုဆို
-----------------------
လက္႐ွိမွာ ကိုဗစ္ေရာဂါျဖစ္ပြားေနမႈအေျခအေနေတြေၾကာင့္ တကၠသိုလ္ဝင္တန္းအေျဖလႊာေတြကို ဇြန္(၅)ရက္မွ စတင္စစ္ေဆးရမွာျဖစ္ပါတယ္။ အဲဒီအတြက္ တကၠသိုလ္ဝင္တန္းေအာင္စာရင္းေတြက ဩဂုတ္လေလာက္မွ ထြက္ ႐ွိႏိုင္မယ္လို႔ အေျခခံပညာဦးစီးဌာန ဒုတိယၫႊန္ၾကားေရးမႉးခ်ဳပ္ ေဒါက္တာ တင္ေမာင္ဝင္းက ေျပာပါတယ္။
“ဇြန္ ပထမအပတ္မွ စၿပီးစစ္မွာဆိုေတာ့ ေနာက္ထပ္ ရက္ေပါင္း (၆၀) ဆိုရင္ ဩဂုတ္လထဲေလာက္မွ ထြက္မွာ ေပါ့” လို႔ ေဒါက္တာ ေမာင္ဝင္းက ေျပာပါတယ္။
ဩဂုတ္လအလယ္မွာ ေအာင္စာရင္းထုတ္မယ္ဆိုရင္လည္း တကၠသိုလ္ဝင္ခြင့္ေ႐ြးခ်ယ္ေရးအတြက္ အေႏွာင့္ အယွက္မျဖစ္ႏိုင္ဘူးလို႔ ဆိုပါတယ္။ အရင္ႏွစ္ေတြက တကၠသိုလ္ဝင္ခြင့္ေလွ်ာက္လႊာေတြကို စက္တင္ဘာလမွာ တင္ခြင့္ေပးၿပီး လကုန္မွာေလွ်ာက္လႊာပိတ္တာပါ။ ႏိုဝင္ဘာလလယ္မွာ ဝင္ခြင့္စာရင္းေတြထြက္ၿပီး ဒီဇင္ဘာ လဆန္းမွာ ေက်ာင္းဖြင့္တာေၾကာင့္ တကၠသိုလ္ဝင္ခြင့္အတြက္ အခက္အခဲမ႐ွိႏိုင္ဘူးလို႔လည္းဆိုပါတယ္။
တကၠသိုလ္ဝင္တန္းအေျဖလႊာေတြကို ႏွစ္စဥ္ ဧၿပီလထဲမွာ စတင္စစ္ေဆးၿပီး ဇြန္လပထမအပတ္မွာ ေအာင္စာရင္း ထုတ္ျပန္ေပးတာျဖစ္ပါတယ္။

Crd-One News

Comments

Popular posts from this blog

မူးယစ္ရမ္းကားေနသည့္ သရုပ္ေဆာင္ လင္းလက္ဟိန္း

တပ်မတော်သားတွေနဲ့ ဓါတ်ပုံ အတူတူ တွဲရိုက်ခဲ့တဲ့အောင်ရဲလင်း

လွှတ်​တော်ကိုယ်စားလှယ်​တွေကို ဘယ်လို​ရေးချယ်သလဲ။