လွှတ်တော်ကိုယ်စားလှယ်တွေကို ဘယ်လိုရေးချယ်သလဲ။

လွှတ်တော်ကိုယ်စားလှယ်တွေကို ဘယ်လိုရွေးချယ်သလဲ မြန်မာနိူင်ငံမှာ လွှတ်တော်အမျိုးအစား ၄ မျိုးရှိပါတယ်။ ပြည်ထောင်စုလွှတ်တော်၊ အမျိုးသားလွှတ်တော်၊ပြည်သူ့လွှတ်တော်၊တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် တို့ဖြစ်ပါတယ်။(၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ အခန်း၄ ဥပဒေပြုရေး ရှိ ပုဒ်မ ၇၄၊၁၀၉၊၁၄၁၊၁၆၁ တို့အရ) ပြည်ထောင်စု လွှတ်တော်ဆိုတာ ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော် လွှတ်တော် ၂ ရပ်ပေါင်းထားတာကို ပြည်ထောင်စု လွှတ်တော်လို့ ခေါ်တိုတာ ဖြစ်ပါတယ်။ ပြည်ထောင်စုလွှတ်တော် အကြောင်းကတော့ သီးသန့်ရယ်လို့ ပြောစရာမရှိပါဘူး ဘာလို့လဲဆိုတော့ ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော် တို့ပြောလိုက်ရင် အလိုလို သိမှာမလို့ပါ။ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ ရွေးချယ်ပုံ မြန်မာနိူင်ငံမှာ မြို့နယ်ပေါင်း ၃၃၀ ရှိပါတယ်။ထို ၃၃၀ မြို့နယ်ထဲက တစ်မြို့နယ်ကို တစ်ဦးကျဆီရွေးချယ်ပြီး ရွေးကောက်ခံကိုယ်စားလှယ် ၃၃၀ ဆိုပြီးဖြစ်လာပါတယ်။ ဒီ ၃၃၀ ကို ၇၅ % လို့မှတ်ယူပြီး တပ်မတော်မှ ၂၅%ဖြစ်တဲ့ ၁၁၀ နဲ့ပေါင်းလိုက်ပါတယ်။၃၃၀+၁၁၀=၄၄၀ ရယ်လို့ဖြစ်လာပါတယ်။ ပြည်သူ့လွှတ်တော် ၄၄၀ မှတ်ခဲ့နော်။ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များ ရွေးချယ်ပုံ မြန်မာပြည်မှာ တ...